ခရစ်တော်၏ တရားပလ္လင် နှင့် ပြင်အရပ်မှောင်မိုက်”
(၉မိနစ် ၃၂ စက္ကန့်)
#ခရစ်တော်၏တရားပလ္လင်မှာ
ဘယ်သူတွေစီရင်ခံရမလဲ။
#ပြင်ရပ်မှောင်မိုက်မှာ
ဘယ်သူတွေ ရောက်သွားမလဲ။
🖤 ငါတို့က ရေနှစ်ခြင်း ခံပြီးပြီ။
ငါတို့က ကျမ်းစာကျောင်း ဘွဲ့ရ ပညာတတ်တွေ။
ငါတို့က အမှုတော်ဆောင်မျိုးရိုးပါ။
ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်ခြင်းနဲ့
သင်ယူ ရရှိတဲ့ ပညာနဲ့ ဥစ္စာပစ္စည်းတွေဟာ
တမလွန်ခရီးအတွက် မလုံလောက်ပါ။
✝️ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ပြီ။
ထာ၀ရ စီရင်ခံရခြင်းမှ လွတ်မြောက်ခဲ့ပြီ။
ခရစ်တော်ကို လက်ခံရရှိပြီးပြီ ဆိုပြီး
မျက်စိနဲ့ မြင်တွေ့ရတဲ့ လောက အရာများနဲ့
စာတန်က အလွဲ ကြေနပ်စေကာ
နေ့စဉ်အသက်ရှင်ခြင်းမှာ ခရစ်တော်နဲ့ လွဲချော်နေသည်။
ဝိညာဉ်ထဲမှ ခရစ်တော်ကို ဥပက္ခာပြုကာ
မိမိ စိတ်သက်ကို ငြင်းပယ်လိုခြင်း မရှိဘဲ
လူဟောင်း ဇာတိနဲ့သာ အသက်ရှင်နေသူများအတွက်
ခရစ်တော်ရဲ့ တရားပလ္လင်မှာ စီရင်ခံရပြီး
ပြင်အရပ်မှောင်မိုက်မှာ ပစ်ချခြင်း ခံရဦးမည်။
ယနေ့ အသက်ရှင်ခြင်းသည် ထာ၀ရ ဖြစ်သောကြောင့်
ခရစ်တော်ကို နေ့စဉ်ရယူလျက်
ခရစ်တော်သည် တိုးပွားလေလေ
ငါသည် ရှိနေပါလျက်နဲ့ အားနည်းလေလေ ဖြစ်ကာ
ခရစ်တော်ရဲ့ မင်္ဂလာဆောင်ပွဲမှာ ဝင်စားလျက်
မိလေနိ ကာလ မှာသာ မက၊ ထာ၀ရတိုင်
ခရစ်တော်နဲ့အတူ စိုးစံရပေမည်။ အာမင်
၁ကော ၃း၁၀-၁၅၊ မာလ ၃း၂-၃၊ ၂ကော ၅း၁၀၊ ရော ၁၄း၁၀၊ ဗှဲ ၆း၈၊ ၁ကော ၁၅း၄၅၊ ဂလ ၂း၂၀၊ ဖိ ၁း၁၂-၁၃၊ မသဲာ ၈း၅း၁၃၊ မသဲာ ၂၂း၁-၁၃၊ မသဲာ ၂၅း၁-၃၀။